| ၁။ မွှေးပဲကျက်မှုန့် | 150 ဂရမ် ၁ ထုပ် | 
| ၂။ မရမ်းသီး | ၁၀ကျပ်သား | 
| ၃။ ပုဇွန်ထမ်းငံပြာရည် | အနည်းငယ် | 
| ၄။ငရုတ်သီးစိမ်း | အနည်းငယ် | 
| ၅။ ငရုတ်သီးအလှော်မှုန့် | အနည်းငယ် | 
| ၆။ နံနံပင် | အနည်းငယ် | 
| ၇။ ပုဇွန်ခြောက် | အနည်းငယ် | 
| ၈။ မြေပဲလှော် | ၁ဇွန်း (ဇွန်းကြီး) | 
| ၉။ ကြက်သွန်နီ | ၁လုံး | 
| ၁၀။ ကြက်သွန်ဖြူဆီချက် | ၂ဇွန်း (ဇွန်းကြီး) | 
| ၁၁။ အချိုမှုန့် | ၁ဇွန်းခွဲ (လက်ဖက်ရည်ဇွန်း) | 
- မရမ်းသီးကို ရေစင်အောင်ဆေး၍ ပါးပါးလှီးပါ ။
- ကြက်သွန်နီ ၁ လုံး ပါးပါးလှီး ထည့်ပါ။ ပုဇွန်ခြောက်နှင့် မြေပဲ ထောင်းထည့်ပါ။ ငရုပ်သီး အကျက်မှုန့် နှင့် ငရုပ်သီးစိမ်း ပါးပါး လှီးထည့်ပါ။ ဟင်းခတ်မှုန့် အနည်းငယ်၊ ပဲငံပြာရည် အနည်းငယ်၊ မွှေးပဲကျက်မှုန့် ဇွန်းကြီး ၂ ဇွန်း နှင့် ကြက်သွန်ဖြူဆီချက်တို့ကို ထည့်၍ သုပ်ပါ။
ခံတွင်းရှင်းပြီး ထမင်းမြိန်စေမယ့် မရမ်းသီးသုပ် ရပါပြီ။