| ၁။ မွှေးပဲစိမ်းမှုန့် | ၁၅၀ ဂရမ် ၁ ထုပ် | 
| ၂။ ကြက်သွန်ဖြူ | အနည်းငယ် | 
| ၃။ ကြက်သွန်နီ | အနည်းငယ် | 
| ၄။ မှိုခြောက် | အနည်းငယ် | 
| ၅။ ပဲငံပြာရည်အကြည် | အနည်းငယ် | 
| ၆။ ခရုဆီ | အနည်းငယ် | 
| ၇။ ဟင်းခတ်မှုန့် | အနည်းငယ် | 
| ၈။ သကြား | အနည်းငယ် | 
| ၉။ ခရမ်းချဉ်သီး | ၄ လုံး | 
| ၁၀။ ငရုပ်သီးစိမ်း | အနည်းငယ် | 
| ၁၁။ ကြက်သား | အနည်းငယ် | 
တို့ဟူးဟင်းချက်ရန်အတွက်
- ၁။ ပထမဦးစွာ ကြက်သားကို ပြုတ်ပြီး နွှာထားပါ။
- ၂။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ ထောင်းထားသော ကြက်သွန်ဖြူ အနည်းငယ် ထည့်၍ ဆီသတ်ပါ။ ပြီးလျှင် နွှင်ထားသော ကြက်သား၊ ရေစိမ်ပြီးညှပ်ထားသော မှိုခြောက် ထည့်ပါ။ ပဲငံပြာရည် အနည်းငယ် ၊ ခရုဆီ အနည်းငယ် ၊ ဟင်းခတ်မှုန့် အနည်းငယ် ၊ သကြားအနည်းငယ်ထည့်၍ ဆီသတ်ပေးပါ။ ရလျှင်ခပ်ထားပါ။
- ၃။ မွှေးပဲစိမ်းမှုန့် ၁၅၀ ဂရမ် တစ်ထုပ်ကို ရေ ၁ လီတာ ၄ပုံ ၃ပုံ၏ တစ်ဝက်ထည့်ပါ။ ဆားအနည်းငယ်၊ နနွင်းအနည်းငယ် ထည့်၍ မွှေပေးပါ။
- ၄။ တို့ဟူးကျိုမည့် ဒယ်အိုးထဲသို့ လက်ကျန်ရေထည့်ပါ။ ရေပူလာလျှင် ဖျော်ထားသော ပဲစိမ်းမှုန့်ရည်ကို ထည့်ပါ။ အဆက်မပြတ်မွှေပေးပါ။
- ၅။ ညောင်ဈေးကျလာလျှင် ဆီသတ်ထားသော ကြက်သားနှင့် မှိုခြောက်ထည့်ပြီး မွှေပေးပါ။ ထို့နောက် ပဲငံပြပာရည် အကြည်ရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပါ။ ခရုဆီအနည်းငယ်ထည့်ပါ။ ရလျှင် ပုံစံခွက်ထဲ ထည့်၍ အအေးခံပေးပါ။
- ၆။ အေးလျှင် အတုံးတုံးပြီး အရာပေးပါ။
- ၇။ တို့ဟူးဟင်းချက်ရန် ထောင်းထားသော ထောင်းထားသော ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငြုပ်သီးအစိမ်းမှုန့်တို့ကို ဆီသတ်ပါ။ ဆီသတ်နေစဉ် ဟင်းခတ်မှုန့်၊ သကြားအနည်းငယ်နှင့် ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ ထည့်ပါ။ ပါးပါးလှီးထားသော ခရမ်းချဉ်သီး ၄ လုံးထည့်ပါ။ ခရမ်းချဉ်သီး နွမ်းလာလျှင် ရေအနည်းငယ်ထည့်ပါ။
- ၈။ ရေခမ်းလျှင် စိပ်ထားသော တို့ဟူးတုံးထည့်ပါ။ ငြုပ်သီးစိမ်းတောင့်ထည့်ပါ။
ဆီပြန်လာလျင် အရသာထူးကဲကောင်းမွန်သော တို့ဟူးဟင်း ရပါပြီ။